Style Switcher

Layout options
  • Boxed Layout
  • Full Width Layout
Primary Color

    

၂ဝ၁၄ တောင်ကိုရီးယားနိုင်ငံ၏ Entertainment Award (ဖျော်ဖြေရေးအထူးဆု)ကို လက်ခံရရှိခဲ့သော လီမင်ဟိုနှင့် ကင်ဆိုဟွမ်

entertainment award01

entertainment award02

တောင်ကိုရီးယားလှိုင်းတွေထဲက နာမည်ကျော် သရုပ်ဆောင်များစွာရှိနေသော် လည်း ၂ဝ၁၄ Entertatinment Award ဆုအတွက်တော့ လီမင်ဟိုနှင့် ကင် ဆိုဟွမ်တို့အပေါ် အာရုံစိုက်ခဲ့ကြပါသည်။ လီမင်ဟိုသည် F4 ချစ်သူ၊ Faith၊ ရွှေ သရဖူ ဇာတ်လမ်းတွဲတွေနှင့် နိုင်ငံတကာမှ ဒရာမာ စွဲလန်းသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါ သည်။ ကင်ဆိုဟွမ်ကတော့ Dream High 1 လရောင်ဖန်ဆင်း နေမင်းကြမ္မာ ဇာတ်လမ်းတွေနှင့် အောင်မြင်လာခဲ့ပါသည်။ သူနောက်ဆုံး သရုပ်ဆောင်ခဲ့သော A Lover Form Star ဇာတ်လမ်းတွဲက တော့ သူ့အောင်မြင်မှုတွေကို အထွတ်အထိပ် ရောက်လာနိုင်အောင် စွမ်းဆောင်ပေးနိုင် ခဲ့ပါသည်။ Entertatinment Award ဆုကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ အားကစားဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန တို့မှ ပူးပေါင်းပြီး ရွေးချယ်ချီးမြင့်သောဆု ဖြစ်ပါသည်။ ဆုပေးပွဲကို နိုဝင်ဘာ ၁၇ ရက် ဆိုးလ်မြို့ ဟုန်ဂီးတက္ကသိုလ်တွင် ကျင်းပခဲ့ပါ သည်။ ဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော်ကြားသော သရုပ်ဆောင်တွေ တက်ရောက်ခဲ့ကြပါသည်။ အနုပညာရှင်တွေ အနေနှင့်ကတော့ ဒီဆုပေးပွဲကို တက်ရောက် သည်ကပင် ကိုရီးယားနိုင်ငံအတွက် ဂုဏ်ယူ စရာကောင်းသည်ဟု သတ်မှတ်ထားကြပါ သည်။ လီမင်ဟိုသည် ''ရွှေသရဖူ''ဇာတ် လမ်းတွဲ၏ အောင်မြင်မှုကြောင့် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ''ကျွန်တော် ဒီလိုဆု မျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက် အလွန် ပဲဂုဏ်ယူမိပါတယ်။ မျိုးဆက်သစ်သရုပ် ဆောင်တဦးအနေနဲ့ ဒီဆုကို ပိုင်ဆိုင်ခွင့် ရခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါ တယ်။ ကိုရီးယားလှိုင်းက အင်မတန် ချစ်စရာ ကောင်းပါတယ်။ အစိတ်အပိုင်း ဘယ် လောက်ပဲ သေးနေပါစေ၊ ကိုရီးယားလှိုင်းတွေကို ကြိုက်နှစ်သက်လာဖို့ အတွက် ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေး နိုင်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လာဖို့ ကြိုးစားပေးချင် တယ်'' ဟု လီမင်ဟိုသည် ကျေးဇူးတင်စကား ပြော ကြားခဲ့ပါသည်။ A Lover Form Star ဇာတ်လမ်း တွဲဖြင့် ကိုရီးယားလှိုင်းတွေ၏ ကြယ်ပွင့် တပွင့်ဖြစ်လာခဲ့သည့် ကင်ဆိုဟွမ်ကတော့ ''ကျွန်တော်အတိုင်းမသိ ဂုဏ်ယူမိပါတယ်။ ဆုရရှိခဲ့တဲ့ ဒီအခိုက်အတန့်လေးကို ဘယ် တော့မှ မေ့ပျောက်လို့ရမှာ မဟုတ်တော့ ပါဘူး။ ကျွန်တော်အပေါ်မှာ ဂရုတစိုက်ရှိခဲ့ ကြတဲ့သူတွေ၊ ကျွန်တော့်ကိုချစ်တဲ့ ကျွန် တော့်ရဲ့ မိဘနှစ်ပါးတို့ကိုလည်း ကျေးဇူးတင် ပါတယ်။ကျွန်တော်အလုပ်တွေကို အကောင်း ဆုံးလုပ်ပါ့မယ်။ ဒီနေ့လေးကို အကြာကြီး သတိရနေအောင်လို့ပါ။ ကျွန်တော် အသက်ရှင်နေသရွေ့ ကျွန်တော် လုပ်နိုင်သမျှ တွေကို အကောင်းဆုံး လုပ်ပါ့မယ်''ဟု ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

Latest News

Magazine

Myanmar Women’s Affairs Federation was formed on the 20th December 2003. Its mission is to promote the welfare and advancement of women in Myanmar with the aim to enable them to participate fully in the national development. It is a voluntary non- governmental organization for the advancement of women in Myanmar, women of all national races in all walks of life.

Download Link: MWAF Magazine

Contact Us