Style Switcher

Layout options
  • Boxed Layout
  • Full Width Layout
Primary Color

    

ဂျပန်မှသိန်းခြောက်ထောက်ထောင်ကျော် အကုန်ကျခံကာ မြန်မာနိုင်ငံတွင် ရုပ်ရှင်ရိုက်မည်

Living Song Entertaiment မှ အဓိက တာဝန်ယူရိုက်ကူးမည့် Yangon Run Way ဇာတ်ကားကို ဂျပန်နိုင်ငံမှ ကျပ် သိန်းပေါင်းခြောက်ထောင်ကျော် အကုန်ကျ ခံကာ ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရ သည်။ ''မြန်မာနိုင်ငံ၏ သဘာဝအလှကို ကမ္ဘာ ကသိစေချင်တယ်။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ နှစ်နိုင်ငံယဉ်ကျေးမှုတွေကို ပူးပေါင်းကာ ကမ္ဘာ့အဆင့်မီ ရုပ်ရှင်ကား တစ်ကားထွက်ပေါ်လာစေချင်တဲ့ ရည်ရွယ် ချက်နဲ့ ရိုက်ကူးသွားမည်ဖြစ်ကြောင်း Living Song Entertaiment မှ CEO ဦးဂျော်မရန် က ပြောကြားသည်။ အဆိုပါ ဇာတ်ကားတွင် ဂျပန်နိုင်ငံ မှ နာမည်ကျော်မင်းသားကြီး ဆန်နီချီးဘား၊ (Sony Entertaiment) မှ ရီနာတာကီဒါ (Oscar Promotion) မှ ယူကိုဖူအီကီတို့ အပြင် မြန်မာနိုင်ငံမှ အနုပညာရှင် ၆ဝ ခန့် ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံဘက်မှ အဓိက သရုပ် ဆောင်နေရာတွင် ပါဝင်ရမည့်သူများကို မကြာ မီ ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း ဦးဂျော် မရန်က ပြောသည်။ Yangon Run Way ဇာတ်ကား ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ရိုက် ကူးသွားမည်ဖြစ်ပြီး ရိုက်ကူးပြီးစီးသွားပါက မြန်မာနိုင်ငံတွင် ပထမဆုံးရုံတင်ပြသသွားရန် စီစဉ်ထားကြောင်းနှင့် အာရှ၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ရုံတင် ပြသရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

Latest News

Magazine

Myanmar Women’s Affairs Federation was formed on the 20th December 2003. Its mission is to promote the welfare and advancement of women in Myanmar with the aim to enable them to participate fully in the national development. It is a voluntary non- governmental organization for the advancement of women in Myanmar, women of all national races in all walks of life.

Download Link: MWAF Magazine

Contact Us