Style Switcher

Layout options
  • Boxed Layout
  • Full Width Layout
Primary Color

    

ပထမဆုံး အကယ်ဒမီပွဲကို အနုပညာရှင်တစ်ဦးအနေနဲ့ တက်ခွင့်ရလို့ ပျော်တယ်ဆိုတဲ့ ခင်ဝင့်ဝါ

khin wint war

လတ်တလောမှာတော့ ခင်ဝင့်ဝါတစ်ယောက် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်တဲ့ အချစ်နဲ့ထုဆစ်သော ဗီဒီယိုဇာတ်ကားကို ကောင်းပြည့်နဲ့ရိုက်ကူးခဲ့ပြီး လာမယ့် ၁၄ ရက်နေ့မှာတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ၊ ကိုခန့်စည်သူတို့နဲ့ ဟာသကား တစ်ကား ရိုက်ဖို့ရှိပါတယ်။ အခုချိန်မှာ ဇာတ်ကား ပေါင်း ၂၅ ကား ရိုက်ပြီးသွားပြီဖြစ်လို့ အရင်ကထက် စာရင်တော့ ရှူတင်တွေနဲ့ နေသားကျနေပါပြီလို့ ဆိုခဲ့ ပြီး လိုအပ်ချက် တွေရှိသေးပေမယ့် တဖြည်းဖြည်းနဲ့ ပြင်ဆင်လာနိုင်ပါပြီလို့ ဆိုခဲ့တဲ့ ခင်ဝင့်ဝါဟာ ယခုနှစ် အကယ်ဒမီဆုပေးပွဲ ပထမဆုံး တက်ရောက်ရမှာ ဖြစ်ပြီး သူမက အကယ်ဒမီနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။ ပထမဆုံး အကယ်ဒမီပွဲတက်ရတာ အရမ်း ပျော်တာပေါ့နော်။ အရင်ကဆိုရင် ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီးတွေ အကယ်ဒမီရပါစေဆိုပြီးတော့ တီဗီရှေ့ကနေပြီး ထိုင်ကြည့်အားပေးခဲ့ရတာ။ အခုကျ တော့ စီနီယာအစ်ကို၊အစ်မတွေကို ကိုယ်တိုင်တွေ့ပြီး အားပေးရမှာပေါ့နော်။ အဲဒီအတွက်လည်း ပျော်သလို သူတို့အစား ရင်လည်းခုန်နေပါတယ်တဲ့။ အပြောင်း အလဲများနဲ့ ပတ်သက်ပြီး- ဒီနှစ် မြန်မာအီးဗန့်စင်တာမှာ လုပ်မှာဆို တော့ အရမ်းကောင်းပါတယ်။ ဒီလိုမျိုး တစ်ခါနဲ့တစ်ခါ မတူအောင် အကောင်းဆုံးလုပ်တာလို့ ထင်ပါတယ်။ ပရိသတ်တွေဘက်ကကြည့်ရင်တော့ ကိုယ်ချစ်တဲ့ အနုပညာရှင်ကို ကိုယ်တိုင်ကြည့်ရှုအားပေးရရင်တော့ ပိုပျော်မှာပေါ့နော်။ အခုကျတော့ ညီမထင်တယ်။ နေရာအခက်အခဲကြောင့် ကြည့်ခွင့်မပေးတာလို့ ထင်တယ်။ ဘယ်သူတွေရစေချင်လည်းဆိုရင်တော့ ကြားထားတဲ့အထဲကပဲ ကိုနေတိုး၊ မကစ် (ဝတ်မှုံရွှေ ရည်) ကိုဇော် (အရုဏ်ဦး)၊ ဦးဝိုင်းတို့ ကြားထားတယ်။ ဘယ်လိုပုံစံလေးနဲ့ ပွဲတက်မလဲဆိုတော့- ပွဲတက်ဖို့ ထွေထွေထူးထူး စဉ်းစားထားတာ မရှိပါဘူး။ ဒီဇိုင်နာ မပုံ့က အကယ်ဒမီပွဲတက်ဖို့ စီစဉ် ပေးထားပါတယ်။ ဖိနပ်တွေ၊ ဘာတွေကတော့ သီးခြားစပွန်ဆာ မယူတော့ဘူး။ ကိုယ့်ဘာသာပဲ အဆင်ပြေအောင် စီစဉ်သွားမှာပါ။

Latest News

Magazine

Myanmar Women’s Affairs Federation was formed on the 20th December 2003. Its mission is to promote the welfare and advancement of women in Myanmar with the aim to enable them to participate fully in the national development. It is a voluntary non- governmental organization for the advancement of women in Myanmar, women of all national races in all walks of life.

Download Link: MWAF Magazine

Contact Us