၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် မြန်မာအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့် ယန္တရား (National Mechanism) ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာကော်မတီ ...
Read moreအမျိုးသမီးများ၏ စွမ်းပကားမြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံမှု ရရှိရန်။ ...
Read moreမြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်သည် အမျိုးသမီးများဘဝ လုံခြုံမှုဖြင့်ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဦးတည်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် ...
Read moreမြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်
၁၉၉၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် မြန်မာအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့် ယန္တရား (National Mechanism) ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာကော်မတီ (Myanmar National Committee for Women's Affairs) ကို ဖွဲ့စည်းခဲ့ပြီး ဘေဂျင်းကြေငြာစာတမ်းပါ လုပ်ငန်းစဉ် (Beijing Platform for Action) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာလုပ်ငန်း ကော်မတီကို တိုင်း/ပြည်နယ်အဆင့်မှ ရပ်ကွက် ကျေးရွာအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းခဲ့သည်။
အမျိုးသမီးတိုင်း ပါဝင်နိုင်ရေးနှင့် အခြားသော လူမှုရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို အစိုးရမဟုတ်သော အဖွဲ့အစည်း (Non - government Organisation - NGO) အဖြစ် ၂၀ဝ၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်သည် အမျိုးသမီးတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်သော စေတနာ့ဝန်ထမ်း လူမှုအဖွဲ့အစည်းဖြစ်သည်။
ဆောင်ပုဒ်
အမျိုးသမီးဘဝ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စို့။
မျှော်မှန်းချက်
အမျိုးသမီးများ၏ စွမ်းပကားမြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံမှု ရရှိရန်။
ရည်မှန်းချက်
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်သည် အမျိုးသမီးများဘဝ လုံခြုံမှုဖြင့်ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဦးတည်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကောင်စီ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းစဉ်များကို လုပ်ငန်းသဘော သဘာဝခြင်းတူညီသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပြည်တွင်းရှိ လူမှုရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်ဖြစ်သည်။
Myanmar Women’s Affairs Federation was formed on the 20th December 2003. Its mission is to promote the welfare and advancement of women in Myanmar with the aim to enable them to participate fully in the national development. It is a voluntary non- governmental organization for the advancement of women in Myanmar, women of all national races in all walks of life.